Wednesday 24 August 2016
သံရုံးမှပြုလုပ်သော မလေးရှားရောက်မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရောက်ကူညီရေးအဖွဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲပြီးဆုံးပြီးနောက် ကျွန်တော်များနိစ္စဒါနအဖွဲ့သားများသည် Rawang မြို့နယ် Batu Arang ရှိ ဒုက္ခသည်လူနာများကူညီစောင့်ရှောက်ရေးစခန်း PERCH သို့ ယခင်လက ပို့ဆောင်ထားသော စစ်တွေသား ကိုကျော်မြင့်နှင့် ရမ်းဗြဲသားကိုမြင့်ဇော်တို့၏ အခြေအနေကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ထို့နောက် PERCH ဒုက္ခသည်လူနာများကူညီစောင့်ရှောက်ရေးစခန်းသို့ လိုအပ်ရာတွင်အသုံးပြုနိုင်စေရန် RM 500 ကိုလဲ အသင်းမှ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
လာမည့် 17 ရက်နေ့တွင် sungai buloh ဆေးရုံကြီးတွင် တက်ရောက်၍ ရောဂါရှာဖွေဆေးကုသမှုခံယူရန်ရှိသော ကိုကျော်မြင့်အတွက် လိုအပ်နေမှုတချို့ကိုလဲ စီမံပေးခဲ့ကြပါသည်။
(PERCH သို့ တကူးတကလာရောက်၍ မိမိတို့နှင့်အတူ လူနာများကို ကြည့်ရှုအားပေးပါသော သံရုံးမှ ကိုသီဟမောင်မောင်နှင့်ဇနီးတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ :-)
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
Thursday 18 August 2016
Tuesday 16 August 2016
Subscribe to:
Posts (Atom)